နှစ်(၆၀)ပြည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျေးရွာလျှပ်စစ်မီး ဖွင့်လှစ် ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်(၆၀)ပြည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျေးရွာလျှပ်စစ်မီး ဖွင့်လှစ် ပွဲကျင်းပ


MNP - မတ်    ၂

၂၀၂၂ ခုနှစ် နှစ်(၆၀)ပြည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး  ဦးအုန်းမြင့်သည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရှမ်းရွာအုပ်စု၊ ကုန်းရှမ်းကျေးရွာသို့ ယနေ့မွန်းလွဲ (၁) နာရီခွဲအချိန် ရောက်ရှိလာပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျ၊ ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်သန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးက မီးခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် လျှပ်စစ်မီးသွယ်တန်းထားသော နေအိမ်များအား ကြည့်ရှု၍ လျှပ်စစ်ကို စနစ်တကျသုံး စွဲကြဖို့ မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲ ၂ နာရီခွဲခွဲအချိန် ရုံးပင်အုပ်စု၊ ရုံးပင်ကျေးရွာသို့ ဆက်လက်ထွက်ခွာလာရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီး လျှပ်စစ်အင် ဂျင်နီယာ ဦးကြီးဇေယျနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးစိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ဝန်ကြီးကမီးခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် လျှပ်စစ်မီးသွယ်တန်းထားသော နေအိမ်များအား  ကြည့်ရှုကာ စနစ် တကျဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲကြစေရန် မှာကြားခဲ့သည်။

ကျောင်းကုန်းမြို့နယ် ရှမ်းရွာအုပ်စု၊ ကုန်းရှမ်းကျေးရွာသည် အိမ်ခြေ (၁၅၄) အိမ်ရှိပြီး ၁၁ ကေဗွီ ဓာတ်အားလိုင်း (ဝ.၉၁) မိုင်ကွာဝေးကာ အိမ်သုံးမီတာတပ်ဆင်ပြီးစီးမှု(၄၅)လုံးရှိပြီဖြစ်ကြောင်းနှင့် ရုံးပင်အုပ်စု၊ ရုံးပင်ကျေးရွာသည် အိမ်‌ခြေ (၁၀၁) အိမ်ရှိပြီး၊ ၁၁ ကေဗွီဓာတ်အားလိုင်း (၁.၃၇) မိုင်  ကွာဝေးကာ အိမ်သုံးမီတာတပ်ဆင်ပြီးစီးမှု (၆၄) လုံးရှိပြီဖြစ်ကြောင်း၊ အမျိုးသားလျှပ်စစ် ဓာတ် အားရရှိရေးစီမံကိန်း (NEP Phase II) ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင် ဂျင်နီယာထံက သိရသည်။

သတင်း - ဝင်းကြိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)