ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်စာမေးပွဲ ဖြေဆိုပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်စာမေးပွဲ ဖြေဆိုပြီးစီး



MNP - မတ်    ၂၃

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲကို မတ်လ(၂၃)ရက်နေ့တွင် အေးချမ်းစွာဖြေဆိုခဲ့ကြပြီး စာသင်နှစ်တစ်နှစ် ပြီးဆုံး၍ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ပျော်ရွှင်လျက်ရှိကြောင်း တွေ့ရသည်။

“ကျွန်မတို့တွေ ဒီကနေ့မှာ အထွေထွေသိပ္ပံဘာသာရပ်ကို ဖြေဆိုခဲ့ရတာဖြစ်ပါတယ်။ စာသင်နှစ်ပြီးဆုံးသလို စာမေးပွဲကိုလည်းအောင်မြင်စွာဖြေဆိုနိုင်ခဲ့ပါတယ်ရှင်၊ ပျော်လည်းပျော်တယ်၊ သူငယ်ချင်းတွေနဲ့ခေတ္တခွဲရဦးမှာဆိုတော့ ဝမ်းနည်းတာလည်းရှိပါတယ်၊ အေးချမ်းစွာဖြေဆိုခွင့်ရတဲ့အတွက် အားလုံးကိုလည်းကျေးဇူးတင်ပါတယ်”ဟု ကျောင်းသူတစ်ဦးကပြောသည်။

သတင်း - မင်းမင်းထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)