သိန္နီမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ကျေးရွာများအရောက် သွားရောက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ကျေးရွာများအရောက် သွားရောက်ထိုးနှံပေး




MNP - မတ်    ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်း ပြည့်ထိုးနှံရန်အတွက် ယမန်နေ့နံနက်ပိုင်းက ကျေးရွာများသို့အရောက် သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် သိန္နီမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းထွန်း၏ စီစဉ်ကြီးကြပ်မှု ဖြင့် ဟိုတုံကျေးရွာ၊ ပိန်းဆာကျေးရွာ၊ ကုန်းညောင်ကျေးရွာ၊ ပန်လော့ကျေးရွာ၊ မိုင်းလီကျေးရွာ၊ မိုင်းပါးကျေးရွာ၊ ဥယာဉ်မှူးကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covishi- eld) ထိုးပေးခြင်းဖြစ်သည်။ သိန္နီမြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီး ကာကွယ်ဆေးထိုးရန်ဦးရေ (၄၂၇၄၆)ဦးရှိရာ ရာနှုန်းပြည့် ကာကွယ်ဆေးထိုနှံပြီးစီးစေရေးအတွက် ကျေးရွာများအရောက်သွား ရောက်ထိုးနှံပေးခြင်းဖြစ်သည်၊၊ ယမန်နေ့ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield)အား ဦးရေ (၇၅၇) ဦး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - စောဥမ္မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)