ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာပေးဆွေးနွေးပွဲကျင်းပ

 


MNP - မတ်    ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်က ဦးဆောင်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကျေးရွာများအရောက်ကွင်းဆင်း၍ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် စိုင်တီစုကျေးရွာနှင့်နေ့လယ် ပိုင်းတွင် ကျိုက်လှ ကျေးရွာတို့၌ ပြုလုပ်သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်က“ကိုဗစ်-၁၉ ကာကွယ်ဆေးအား အကြိမ်ပြည့် ထိုးနှံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်သန်းက “ကျေးရွာလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာထွန်းထွန်းမြင့်က “မေထုံမဲ့ သားဆက်လုပ်ငန်းအကြောင်းနှင့် ဆိတ်မွေးမြူရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မိုးလွင်က “ဆီထွက်သီးနှံနေကြာ သီးသန့်စိုက်ပျိုးရေးအကြောင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလွင်က “စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့်  သမမှထုတ်ချေးထားသော ချေးငွေကျပ်(၁၀ ဒသမ ၄)သန်းအား အမြန်ဆုံး ပြန်လည်ပေးဆပ်ရန်နှင့်  မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးမှုံက “ချေးငွေများလျော့နည်း ကျဆင်းရေးအကြောင်း” ခေါင်းစဉ်တို့ဖြင့် အသီးသီး အသိပညာပေး ဆွေးနွေးပေးသည်။

 ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်း - စိုးမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)