လယ်ဝေးမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၈၅၃)ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၈၅၃)ဦး ဝင်ရောက်ဖြေဆိုမည်



MNP - မတ်    ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၃၈၅၃)ဦး ဝင်ရောက်ဖြေဆို သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူ နေသည့် ကျောင်းသား၊ ကျောင်းသူ(၂၆၉၄)ဦးနှင့် ပြင်ပမှ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၁၁၅၉)ဦး၊ စုစုပေါင်း(၃၈၅၃)ဦးတို့က လျှောက်လွှာ(ဖောင်)များတင်ထားပြီး ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။ လယ်ဝေးမြို့နယ်တွင် မတ်လ(၃၁)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန(၁၃) ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နေဇော်ချစ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)