နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာနအား သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာနအား သွားရောက်ကြည့်ရှု




MNP - မတ်    ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအား ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သွားရောက်ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ပြည်စံအောင်အခြေခံပညာ အထက်တန်း ကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ စာဖြေဌာနတွင် တာဝန်ထမ်းဆောင်မည့် ကြီးကြပ်ရေးမှူးများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်စွာဖြေဆို နိုင်ရေးအတွက် သက်ဆိုင်သည့်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ မေးခွန်းနှင့်အဖြေလွှာများ လုံခြုံမှုရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ထားရှိစေရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ ကိုရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝန်တန်းစာမေးပွဲ ဖြေဆိုမည့် စာဖြေခန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ထားရှိသည့် အခန်းများကို လိုက်လံ ကြည့်ရှုခဲ့ပြီး ဇေယျာသီရိမြို့နယ်တွင့် စာစစ်ဌာန(၅)ခုတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ ဦးရေ စုစုပေါင်း (၁၉၆၂)ဦး ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)