အုတ်တွင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

 


MNP - မတ်     ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်နှင့် တောင်ငူခရိုင် အမှတ်(၁၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုတိယရဲမှူးစန်းယုနိုင်တို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးသွား လမ်းနှင့် အုတ်တွင်း-ပြည်သွားလမ်း ဆုံနေရာတွင် ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးအတွက် ရည်ရွယ်၍ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း အသိပညာပေးခြင်းများ၊ ဥပဒေပုဒ်မများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - ခင်ခင်မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)