(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးရွာလျှပ်စစ်မီးဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးရွာလျှပ်စစ်မီးဖွင့်လှစ်



MNP - မတ်    ၂၇

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပုသိမ်ခရိုင်၊  ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ သာယာကွင်း ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်  ၉ နာရီအချိန် ကျင်းပရာခရိုင်ကျေးလက်ဦးစီးမှူး ဦးမျိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ပြီး၊ သာယာကွင်းကျေးရွာ မီးလင်းရေးအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၁_၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ်တွင်  အကောင် အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့်သာယာကွင်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ ပုသိမ်ခရိုင်ကျေးလက်ဦးစီးမှူး ဦးမျိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဝင်းကြိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)