မန်တုံမြို့နယ် အောင်မင်္ဂလာမြို့လယ်ကျောင်းတိုက် ဇေယျသုခအောင်ချမ်းသာ စေတီတော်မြတ်ကြီး ထီးတော်တင်လှူရန် လုပ်ငန်း ညှိနှိုင်းနှင့် ဆန်အိတ်များ လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်တုံမြို့နယ် အောင်မင်္ဂလာမြို့လယ်ကျောင်းတိုက် ဇေယျသုခအောင်ချမ်းသာ စေတီတော်မြတ်ကြီး ထီးတော်တင်လှူရန် လုပ်ငန်း ညှိနှိုင်းနှင့် ဆန်အိတ်များ လှူဒါန်းပွဲကျင်းပ

 


MNP - မတ်    ၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  မန်တုံမြို့နယ်ရှိ  အောင်မင်္ဂလာမြို့လယ် ကျောင်းတိုက် ပရဝုဏ်အတွင်း  တည်ထားကိုးကွယ်မည့် ဇေယျသုခအောင်ချမ်းသာ စေတီတော်မြတ်ကြီး ထီးတော်တင်လှူရန်လုပ်ငန်းညှိနှိုင်းနှင့် ဆန်အိတ် လှူဒါန်းပွဲ  အခမ်းအနားကို  ယမန်နေ့ နံနက် (၉)နာရီ ခန့်က အောင်မင်္ဂလာ မြို့လယ်ကျောင်းတိုက်တွင်  ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းနှင့် ဆန်အိတ်လှူဒါန်းပွဲအခမ်းအနား၌ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်က ထီးတော်တင် ကျင်းပရေးကော်မတီနှင့် ဂေါပက များအား တွေ့ဆုံ၍ (၉-၃-၂၀၂၂) ရက်နေ့တွင် ကျင်းပမည့် ထီးတော်တင်လှူမင်္ဂလာအတွက် ဆန်အိတ်(၃၀) လှူဒါန်းပေးပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်သို့ ပေးပို့လှူဒါန်းသော ဝတ္ထုငွေများအား  ကိုယ်စားဆက်ကပ်လှူဒါန်းပေးရာ မြို့လယ်ကျောင်းတိုက် ဆရာတော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မန်တုံ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မန်တုံမြို့နယ် ဂေါပကမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)