မွန်ပြည်နယ် ဝန်ကြီးချုပ် မွန်ပြည်နယ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ် သည့် နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် မွန်ပြည်နယ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ် သည့် နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်




MNP - မတ်    ၂၆

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံ အားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေး တိုးတက်ကောင်းမွန်သော အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍  ၂၀၂၂ ခုနှစ် မွန်ပြည်နယ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော  နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန  မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်လင်းထွန်း တက်ရောက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း က အဖွင့်အမှာစကား ပြောကြားရာတွင် မျိုးဆက်သစ်လူငယ်များကို ဗလငါးတန်နဲ့ ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာစေရန် အတွက် အားကစားနည်းဟာ မရှိမဖြစ် လိုအပ်တဲ့အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ အားကစားနည်းများကို အခြေခံကျကျ နားလည်ပြီး လေ့လာလိုက်စားလာစေရန်၊ လူငယ်များ၏ ကာယ၊ဉာဏ စာရိတ္တဘက်စုံ ဖွံ့ဖြိုးစေရန်၊ လူငယ်မျိုး ဆက်သစ်အားကစားသမားများပေါ် ထွန်းလာစေရန်၊ နိုင်ငံ့ကိုယ်စားပြုအား ကစားသမားများ ပေါ်ထွက်လာစေရေး၊ လူငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန်၊ ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးတာဖြစ်တယ်၊ ပြည်နယ်အတွင်း နွေရာသီအခြေခံအားကစားသင်တန်းများကို ပြည်နယ်အဆင့် (၇) မျိုး၊ ခရိုင်အဆင့် (၅)မျိုး၊ မြို့နယ်အဆင့် (၃) မျိုး ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယခုဖွင့်လှစ်တဲ့ သင်တန်းမှာ မိမိနှစ်သက်ရာ အားကစားနည်းများအလိုက် စိတ်ပါဝင်စားစွာ တက်ရောက် တာတွေ့ရတဲ့အတွက် ဝမ်းမြောက် မိပါကြောင်း၊ အခြေခံမှစ၍ စနစ်တကျသင်ကြားပေးရန်၊ ယနေ့ခေတ် လူငယ်တွေဟာ အားကစားနဲ့ ကင်းကွာနေလို့ စာရိတ္တမဏ္ဍိုင်ယိုင်နဲ့နေတာ အားလုံးအသိဘဲဖြစ်ပါတယ်၊ နွေရာသီ အားကစားသင်တန်းကနေ အားကစားရဲ့ အခြေခံကောင်းတွေရရှိပြီး နိုင်ငံတော် အတွက် အားထားရတဲ့ အားကစား သမားကောင်းတွေ ပေါ်ထွက်လာမှာ ဖြစ်ပြီး နိုင်ငံတော်အတွက် အားထားရတဲ့ အားကစား သမားကောင်းတွေ မွေးထုတ် ပေးနိုင်တဲ့ပြည်နယ်တစ်ခု အဖြစ်မှတ်တမ်း တင်နိုင်မှာဖြစ်ပါတယ်၊ နွေရာသီ အခြေခံ အားကစားသင်တန်းများကို တက်ရောက်လာကြတဲ့ ကျောင်းသား/ သူများအားလုံး အားကစားနည်းအလိုက် အခြေခံ ကောင်းတွေကိုကြိုစားလေ့ကျင့်ကြပါ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးစွာနဲ့ စွမ်းစွမ်းတမံ ကြိုးစားပါ၊ နိုင်ငံဂုဏ်ဆောင် ထူးချွန်သူ များဖြစ်အောင် ကြိုးစားသင်ယူပါလို့ တိုက်တွန်းပြောကြား ခဲ့ပါသည်။

ထိုနောက် အားကစားသင်တန်းများ အတွက် အားကစားပစ္စည်းများကို ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးက ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပြီး ကရာတေးဒို အားကစား သမားများက ကရာတေးဒို အားကစားနည်းအား သရုပ်ပြသခဲ့သည်။

“နွေရာသီအားကစားသင်တန်းမှာ မိမိနှစ်သက်ရာ ဝါသနာပါသည့် အားကစားနည်းအလိုက် အခြေခံ နည်းစနစ်ကို စနစ်တကျ တတ်မြောက် လာစေရန် မျိုးဆက်သစ်လူငယ်လူရွယ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ဒီနှစ်မှာ ဘောလုံး၊ ကရာတေး၊ဂျူဒို၊ စားပွဲတင်တင်းနစ်၊ မြန်မာသိုင်း၊စစ်တုရင်၊ရိုးရာခြင်းလုံး၊  စတဲ့အားကစားနည်း(၇)မျိုးကို သင်တန်းနည်းပြတွေနဲ့ စနစ်တကျသင်ကြားပေးသွားမှာ ဖြစ်တယ်လို့” ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက ပြောကြားခဲ့ သည်။ အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းနည်း (၇) မျိုးကို သင်တန်းသား (၁၉၀)ဦးနှင့်သင်တန်းသူ (၅၅)ဦး  စုစုပေါင်း (၂၄၅) ဦးအား မတ်လ (၂၅) ရက်မှ ဧပြီလ (၁၂ )ရက်နေ့အထိ   သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ခင်စန်းမြင့် 

မြန်မာနေရှင်နယ်ပို့စ်

 



 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)