ကန်ကြီးထောင့်မြို့၌ နှစ်(၆၀)ပြည့် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့၌ နှစ်(၆၀)ပြည့် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပ




MNP - မတ်    ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ နှစ်(၆၀) ပြည့် တောင်သူ လယ်သမားနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများနှင့် အညီ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တောင်သူလယ်သမားနေ့ အခမ်းအနား မုခ်ဦးဆိုင်းဘုတ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  အနောက်တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးသည်။ ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ နှစ် (၆၀)ပြည့် တောင်သူ လယ်သမားနေ့ အခမ်းအနားအတွက် ပေးပို့သော သဝဏ်လွှာအား ဝန်ကြီးချုပ်က ဖတ်ကြားပြီး နောက် ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ် ကြောင်း၊ နိုင်ငံ၏ စပါးကျီဟုပြောရလောက်အောင် မိုးစပါး ၃၇ သိန်း၊ နွေစပါး ၁၄ သိန်းနှင့် စုစု‌ပေါင်း ၅၁ သိန်းကို စိုက်ပျိုးနိုင်ခဲ့ပြီး စပါးတင်းသိန်းပေါင်း ၄ ထောင်ကျော်ထွက်ရှိခဲ့ကြောင်း၊ ထို့အပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ သစ်သီးဝလံပန်းမန်များ၊ ငါး၊ ပုဇွန်၊ ဂဏန်း၊ ကြက်၊ ဝက်၊ ဘဲ၊ အသားစားနွား၊ နို့စားနွားများစသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလည်း ဖြစ်ထွန်းအောင်မြင် လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို တက်ရောက်လာ ကြသည့် တောင်သူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ တောင်သူများ၏ အခန်းကဏ္ဍ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်းပေးသော ဌာနဆိုင်ရာ  အသိပညာပေးအဖွဲ့များနှင့် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း အမှာ စကားပြောကြားသည်။ ထို့နောက်တောင်သူလယ်သမားနေ့ ဂုဏ်ပြုမှတ်တမ်း Video Clip အား ပြသခဲ့ပြီးနောက် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် တောင်သူများ၊ ဝန်ထမ်းများနှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများတွင် ဆုရရှိသည့် ပြခန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နှစ်(၆၀) ပြည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ပြသထားသော တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ ကုမ္ပဏီများမှ ပြသထားသော ပြခန်းများနှင့် စိုက်ပျိုးထားသောသီးပင် စားပင်နှင့် သစ်ပင်ပန်းမန်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တောင်သူလယ်သမားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့၊ ခေတ်မီ စိုက်ပျိုးမွေးမြူစို့ စကားဝိုင်းနွေးပွဲအား ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့မှ ဒုတိယတိုင်းဦးစီးမှူးများ၊ မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် တိုင်းမျိုးစေ့ တာဝန်ခံတို့မှ  သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြ သည်။

တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများမှ ပြခန်း၂၃ခန်းအား မတ်လ ၄ ရက်နေ့အထိ ပြသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ တောင်သူများ က အလှည့်ကျလာရောက်၍ ပြခန်းများနှင့် စိုက်ပျိုးရေးနည်းစနစ်များကို လာရောက်လေ့လာမည် ဖြစ်ကြောင်း သိရသည်။

သတင်း - လှမင်းထွဋ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)