တောင်တွင်းကြီးမြို့နယ်တွင် ပြည်-အောင်လံ-ဆတ်သွား ရထားလမ်းစီမံကိန်း သိမ်းဆည်း လယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် ပြည်-အောင်လံ-ဆတ်သွား ရထားလမ်းစီမံကိန်း သိမ်းဆည်း လယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲကျင်းပ

 


MNP - မတ်   ၂၉

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ ပြည်-အောင်လံ-ဆတ်သွား ရထားလမ်းစီမံကိန်းတွင်  မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် လက်တက်အုပ်စု၊ ပရပ်ကြယ်အုပ်စု၊ ကြံစုအုပ်စု၊ သီရိမင်္ဂလာအုပ်စု၊ ဝက္ကသေးအုပ်စုတို့မှ သိမ်းဆည်းလယ်ယာမြေ များအတွက် လျော်ကြေးငွေ(၃၉၄၈.၅)သိန်း ပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

လျော်ကြေးငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာ့မီးရထား တိုင်း(၁၁) ပုဂံ အင်ဂျင်နီယာမှူး ဦးတင်ထွဋ် က လျော်ကြေးငွေပေးရသည့် အကြောင်းအရင်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍   တာဝန်ရှိသူများက တောင်သူများလက်ဝယ်သို့ (Check) လက်မှတ်များ ပေးအပ်ခဲ့ပြီး တောင်သူ (၁) ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပြည်-အောင်လံ-ဆတ်သွား ရထားလမ်းစီမံကိန်းတွင် တောင်တွင်းကြီးမြို့နယ် လက်တက်အုပ်စု၊ ပရပ်ကြယ်အုပ်စု၊ ကြံစုအုပ်စု၊ သီရိမင်္ဂလာအုပ်စု၊ ဝက္ကသေးအုပ်စုတို့မှ တောင်သူ(၂၆၈)ဦး၏ လယ်ယာမြေဧကပေါင်း (၁၅၇.၉၄) ဧကအတွက် တစ်ဧကလျှင်(၂၅)သိန်းဖြင့် (၃၉၄၈.၅) သိန်း အား တောင်သူများ လက်ဝယ်အရောက် ချက်လက်မှတ်များဖြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)