ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ အာစနီမုန်းတိုင်းမိုးရွာသွန်းမှုကြောင့်နှမ်းများ ကြဲပက်စိုက်ပျိုးနေကြပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ အာစနီမုန်းတိုင်းမိုးရွာသွန်းမှုကြောင့်နှမ်းများ ကြဲပက်စိုက်ပျိုးနေကြပြီ



MNP - မတ်    ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်းရှိကျေးလက်တောင်သူများ အာစနီ မုန်တိုင်းမိုးရွာသွန်းမှု ကောင်းခဲ့ခြင်းကြောင့် မိုးနှမ်းများစတင်ကြဲပက်စိုက်ပျိုးကြပြီဖြစ် ကြောင်း ညောင်ဦးမြို့နယ် ရှင်မိန်ကျေးရွာ မိုးနှမ်းကြဲပက်စိုက်ပျိုးနေသည့် ဦးကျော်ဝင်းက ပြောကြား သည်။

ညောင်ဦးမြို့နယ်တွင် မတ်လ ၂၂ရက်ညပိုင်းရွာသွန်းသည့် မိုးနှင့်မတ်လ ၂၃ရက် တစ်နေကုန်ရွာသွန်းသည့်မိုးကြောင့် ယာမြေများ အစိုဓာတ်ကောင်းစွာရရှိခဲ့ပြီး မိုးနှမ်းများ စတင်ကြဲပက် စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရသည်။ ညောင်ဦးမြို့နယ်တွင် မိုးနှမ်း၊ မြေပဲ ၊ပဲစင်းငုံ၊ ကွာစေ့ဖရုံ၊ ပဲတီစိမ်းများအား မိုးရာသီမှသာ ကြဲပက်စိုက်ပျိုးကြပြီး ယခုနှစ် အာစ နီမုန်းတိုင်းမိုးကြောင့် တပေါင်းလမှာပင်မိုးနှမ်းများ စတင်ကြဲပက်စိုက်ပျိုးကြကြောင်း၊ ညောင်ဦးမြို့နယ်ရှိ ကျေးလက်တောင်သူများ မိုးဦးစကျသည်နှင့် မိုးနှမ်းသာ ကြဲပက်စိုက် ပျိုးကြပြီး၊ နှမ်းများနှုတ်သိမ်းချိန်မှ မြေပဲစိုက်ပျိုးကြကြောင်း၊ မိုးနှမ်းနှင့်အတူ သီးထပ်အဖြစ် ပဲစင်းငုံရောကြဲပက် စိုက်ပျိုးကြပြီး မိုးနှမ်းနှုတ်သိမ်းချိန် ပဲစင်းငုံပင်များ ကြီးမားလာပြီး တစ်ချိန်တည်းနှင့် နှစ်မျိုးစိုက်ပျိုးကြကာ အချို့တောင်သူများက ပဲစင်းငုံခင်းများထဲတွင် မြေပဲသီးထပ်စိုက်ပျိုးကြကြောင်း မနှစ်က သီးထပ်စိုက်ပျိုးသည့် မြေပဲရော၊ ပဲစင်းငုံပါရကြ ပြီး ဈေးနှုန်းများလည်း တောင်သူများမျှော်မှန်းသည်ထက်ပိုရကြကြောင်း ဦးကျော်ဝင်းက ရှင်းပြသည်။ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ သည် မိုးဦးမိုးမကျခင်ထဲကာထဲတွင် နွားချေး၊ ဆိတ်ချေးမြေဆီများအား ကြိုတင်နှပ်ထားကြကာ မိုးကျတော့အဆင်သင့် ထွန်ယက်ကြဲ ပက်စိုက်ပျိုးကြကြောင်း၊ နှမ်းများစတင် အပင် ပေါက်ချိန်နောက်မိုးလိုက်ပါက ပို၍အပင်ဖြစ် ထွန်းမှုကောင်းပြီး နှမ်းများရကြကြောင်းသိရသည်။ ညောင်ဦးမြို့နယ်တွင် မိုးဦးမိုးစတင်ရွာ သွန်းခြင်းသည် နှစ်စဉ်နှစ်တိုင်း တန်ခူးလ ကုန်ခါနီးမှသာမိုးဦးမိုးပုံမှန်ရွာ သွန်းလေ့ရှိပြီး ယခုနှစ် တပေါင်းလထဲတွင်ပင် အာစနီမုန်တိုင်းမိုးကြောင့် ကျေးလက် တောင်သူများ မိုးနှမ်းစတင်ကြဲပက် စိုက်ပျိုး နေကြကြောင်းသိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)