ကျိုက်ထိုမြို့နယ်၌ အခြေခံပညာဆရာ၊ ဆရာမများအားကျောင်းကျန်းမာရေးပညာပေးခြင်းဆိုင်ရာ အဆင့်မြှင့်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ အခြေခံပညာဆရာ၊ ဆရာမများအားကျောင်းကျန်းမာရေးပညာပေးခြင်းဆိုင်ရာ အဆင့်မြှင့်သင်တန်းဖွင့်လှစ်







MNP ၊  မတ် ၂၈

ကျိုက်ထို မြို့နယ်ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအား ကျောင်းကျန်းမာရေးပညာပေးခြင်းဆိုင်ရာ  အဆင့်မြှင့် သင်တန်း ဖွင့်ပွဲ အခမ်းအနားကို မတ်(၂၈)ရက်  နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုးက ဆရာ၊ဆရာမများအနေဖြင့် ယခု သင်တန်းတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့်ပတ်သက်သည့် ခေါင်းစဉ်များကို သင်ကြားပို့ချပေးသွားမှာဖြစ်သည့် အတွက် ကျောင်း သား/သူများအတွက်သာမက မိမိအတွက်ပါကျန်းမာရေးဗဟုသုတများရရှိနိုင်မည်ဖြစ်၍ ဂရုတစိုက်လေ့လာမှတ်သားကြရန်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ် ပညာရေးမှူး ဒေါ်သီသီဝင်းက သင်တန်းသား၊သင်တန်း သူများအနေဖြင့် ကျန်းမာရေးဌာနမှ ပို့ချသည့် သင်တန်းကိုလေ့လာမှတ်သားပြီး ကျောင်းသား ကျောင်းသူများကို  အသိ ပညာပေးဖို့လိုကြောင်းပြောကြားခဲ့သည်။

အဆိုပါ ကျောင်းကျန်းမာရေးဆိုင်ရာ အဆင့်မြှင့်သင်တန်းကို ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၄၇)ကျောင်းမှ တာဝန်ခံ ဆရာ၊ ဆရာမ (၉၄ ) ဦး တက်ရောက်ကြပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သင်တန်းနည်းပြ  (၁၀) ဦးတို့က ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ခေါင်းစဉ် (၁၁) ခုကို( ၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန မှသိရသည်။


သတင်း -  ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)