(၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ




MNP ၊ မတ် ၂၇

(၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စုရပ် သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။

ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် တပ်မတော်နေ့ကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်းများက အလေးပြုကြသည်။

ထို့နောက် ဂုဏ်ပြုဆုများ၊ အလံအဖွဲ့အကောင်းဆုံးဆုနှင့် စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆုများ ရရှိကြသည့် တပ်မတော်(ရေ)အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲ၊ တပ်မတော်(လေ)အုပ်ဖွဲ့ပျံသန်းအဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု ယန္တရား တပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေး မှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ တပ်မတော်(ကြည်း)အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)(အမျိုးသမီး) ကိုယ်စားပြု အလံ အဖွဲ့၊ မြင်းစီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆု ရရှိသည့် အနော်ရထာစစ်ကြောင်း စစ်တီးဝိုင်းအဖွဲ့၊ အလံအဖွဲ့ အကောင်းဆုံး ဆုရရှိသည့် အနော်ရထာစစ်ကြောင်း အလံတော်အဖွဲ့ တို့အား စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တပ်မတော်(ကြည်း)(အမျိုးသမီး) စစ်ရေးပြ တတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)(အမျိုးသမီး) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၂) ၊ အကောင်းဆုံးစခန်း တတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ စစ်ချီသီချင်းအကောင်းဆုံး တတိယဆုရရှိသည့် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်း အကောင်းဆုံး တတိယဆု ရရှိသည့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး တတိယဆု ရရှိသည့် ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြ ဒုတိယဆု ရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား) စစ်ရေးပြ ဒုတိယဆု ရရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃)၊ တပ်မတော်(ကြည်း) (အမျိုးသမီး) စစ်ရေးပြ ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၁)၊ အကောင်းဆုံးစခန်း ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ စစ်စည်းကမ်းအကောင်း ဆုံး ဒုတိယဆုရရှိသည့် သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ဒုတိယဆု ရရှိသည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြ ပထမဆု ရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား) စစ်ရေးပြ ပထမဆု ရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြုတပ်ခွဲ(၁)၊ တပ်မတော်(ကြည်း) (အမျိုးသမီး)စစ်ရေးပြ ပထမဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ အကောင်းဆုံးစခန်း ပထမဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ စစ်ချီသီချင်းအကောင်းဆုံး ပထမဆု ရရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး ပထမဆု ရရှိသည့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ)ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲနှင့် စစ်ရေးပြအကောင်းဆုံး ပထမဆု ရရှိသည့် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ တို့အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း က ဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ် ချီးမြှင့်သည်။

ထို့နောက် (၇၇)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စံပြတပ်ခွဲ တတိယဆု ရရှိသည့် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသည့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲနှင့် စံပြတပ်ခွဲ ပထမဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲများအား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)