မာန်အောင်မြို့ ဓါတ်တော်စေတီတော်ဝင်းအတွင်း၌ (ဒုတိယ)အကြိမ်မြောက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ ဓါတ်တော်စေတီတော်ဝင်းအတွင်း၌ (ဒုတိယ)အကြိမ်မြောက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

 


MNP - မတ်    ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့ ဓါတ်တော်စေတီတော်ဝင်းအတွင်း၌ (ဒုတိယ)အကြိမ်မြောက်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီက ကျင်းပခဲ့ သည်။

ရှေ့ဦးစွာ အခမ်းအနားကို သံဃာတော်များနှင့်ပဋ္ဌာန်းတရားတော်နာယူသူများက``နမောတဿ´´သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး ရောင်ခြည် တော်ဖွင့် ဘုရားပင့်ဂါထာတော်ကို ဘမိကျောင်းဆရာတော်ဘဒ္ဒန္တဂုဏဗလကလည်းကောင်း၊ ရှင်မဟာဗုဒ္ဓဃောသရေးသားသော ပဋ္ဌာန်းကျမ်းတော်မြတ်အား ဂရဝပူဇာကို နတ်ပြင်ကျောင်းကြီးဆရာတော် ဘဒ္ဒန္တသုဝဏ္ဏကလည်ကောင်း၊ ရွတ်ဖတ်ပူဇော်ကြပြီး ပဋ္ဌာန်းတရားတော်နာယူသူများက ဇလပ်ပြင်(မြောက်) ကျောင်းဆရာတော် ဘဒ္ဒန္တဇာဂရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် ဘူးတောင်းကွဲ(တောင်)ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလက နတ်ပင့်ဂါထာတော်ကို ရွတ်ဖတ်ပြီး သံဃာတော်များက ပဋ္ဌာန်းတရားတော်ကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ပင့်သံဃာတော်(၁၅)ပါးက ယခုလ၉ရက်နေ့မှ၁၂ရက်နေ့ထိအလှည့်ကျ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သိန်းဖေ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)