မိုးနဲမြို့နယ်၌ ပွင့်လင်းရာသီ ရေရှားပါးသော ကျေးရွာ/ ရပ်ကွက်နှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရေသွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ပွင့်လင်းရာသီ ရေရှားပါးသော ကျေးရွာ/ ရပ်ကွက်နှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရေသွားရောက်လှူဒါန်း



MNP - မတ်    ၃၀

 ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ နွေရာသီ ရေအခက်အခဲရှိသော ‌ကျေးရွာ/ ရပ်ကွက်နှင့် ဘုန်းတော်ကြီး ကျောင်းများသို့ မီးသတ်ဦးစီးဌာနမှ ရေသွားရောက် လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲ အချိန်က နားလင်း ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍  ရေဂါလန် ၁၆၀၀ ဆန့် မီးသတ်ရေသယ်ယာဉ် တစ်စီးစာ သွားရောက်လှူဒါန်းပေးခဲ့ ကြောင်းသိရသည်။

ထိုသို့ ရေအခက်အခဲရှိသော  ကျေးရွာ/ ရပ်ကွက်နှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းရာတွင် မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက်မှ ဦးစီး၍ ဝန်ထမ်းများနှင့် ပူးပေါင်းကာ ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် ရေရှားပါးသော နေရာများသို့ ရေသွား ရောက် လှူဒါန်းခြင်းအပြင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှိုးဆော်ခြင်းများ၊ ပွင့်လင်း ရာသီဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ ၂၀၂၂ ခုနစ် မတ်လအတွင်း ၁၄ ရက်နေ့တွင်မြို့နယ် ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဝမ်ယေးကျေးရွာသို့ လည်းကောင်း၊ ၂၀ ရက်နေ့တွင် ဝမ်မလန်း ကျေးရွာသို့လည်းကောင်း၊ ၂၁ ရက်နေ့တွင် ဝမ်ယေး၂၂ ရက်နေ့၊ ၂၅ ရက်နေ့နှင့် ၂၈ရက်‌နေ့ တို့တွင်လည်း ဝမ်မလန်း ကျေးရွာများ သို့ ထပ်မံ သွားရောက်လှူဒါန်း သည့်အပြင် ၂၆ ရက်နေ့တွင်  လွိုင်မြေရပ်ကွက် အတွင်းရှိ ဝါဆိုကျောင်းတိုက်သို့ ဂါလန် (၈၀၀) ဆန့်မီးငြှိမ်းသတ် ယာဉ်တစ်စီးဖြင့် လည်းကောင်း၊ ၂၈ ရက်နေ့တွင် သာသနာ့ပါလ စာသင်တိုက်သို့ မီးသတ်ရေသယ်ယာဉ် တစ်စီးလျှင် ဂါလံ (၁၆၀၀) ဆန့်နှစ်စီးစာ ဖြင့်လည်းကောင်း၊ ၂၉ ရက်နေ့တွင် လွိုင်ချို ကျေးရွာ (ပါဟူးဘုန်းတော်ကြီးကျောင်း)သို့လည်းကောင်း၊ ယနေ့တွင်လည်း နားလင်း ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ တာဝန်ရှိသူထံမှ သိရသည်။

သတင်း - ဇင်ကိုကို

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)