မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်းရင်းသားများအား ထောက်ပံ့ ပစ္စည်း များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်းရင်းသားများအား ထောက်ပံ့ ပစ္စည်း များပေးအပ်

















MNP ၊ မတ် ၃၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်း ရင်းသားများအား   ဆန် နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကို ယမန်နေ့ ညနေပိုင်းက  ပေးအပ်ခဲ့ကြောင်းသိရသည်။  

မောင်တောမြို့နယ် ၊ ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ ကျောက်ပန္ဒူအရှေ့ကွင်းတွင် မြိုတိုင်းရင်းသား အိမ်ထောင် စု(၁၅၀)စုအား နေရာချထားနိုင်ရေးအတွက် ယခုအခါ မြေနေရာရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်ရာ   မတ်လ ၁၉ ရက်နေ့ထိ ပုဏ္ဏားကျွန်း မြို့နယ်မှ စစ်ဘေးရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စု(၅၄)စု ၊ အမျိုသား  ၁၇၄ ဦး ၊အမျိုးသမီး ၁၆၅ ဦး စုစု ပေါင်း ၃၄၁ ဦးတို့မှ  လာရောက်နေထိုင်လျှက်ရှိသဖြင့်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုအရ ခရိုင် စီမံ အုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး  ဦးဆောင်သော  အဖွဲ့ ဝင် များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ ဝင်များ၊  ခရိုင်အဆင့် ဌာနဆိုင်ရာများ ၊မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း ၊မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ နှင့်အတူ သွား ရောက်တွေ့ဆုံ အားပေးပြီး  အဆိုပါ အိမ် ထောင် စု (၅၄)စုအား နေအိမ်များဆောက်လုပ်ခြင်း မပြုမီကာလ အတွင်း လတ် တလော စားဝတ်နေရေး အဆင်ပြေ ချောမွေ့ စေ ရေးအတွက်   ဆန် ၊ ဆီ ၊ ဆား ၊ ကြက်သွန်နီ ၊ အာလူး ၊ အဝတ်အထည်   နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ အပါအဝင် စုစု ပေါင်း ထောက်ပံ့ပစ္စည်းတန်ဖိုးငွေကျပ် (၁၁၅၇၂၀၀၀)/-(ကျပ်တစ်ရာ တစ်ဆယ့်ငါးသိန်းခုနှစ်သောင်းနှစ်ထောင်ကျပ်)တိတိအား  ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)