ကျောက်ဖြူမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်



MNP - မတ်   ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးရဲလင်းမောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင်/ မြို့နယ်ရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ အခြေခံမဲဆန္ဒရှင်စာရင်းများပြည့်စုံ မှန်ကန်စေရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများအား မတ်လ တတိယအပတ်မှစတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ထိုသို့ ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်များ၌ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ် ငန်းများတွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးနှင့် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ လုပ်ငန်းအောင်မြင်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၁၁-၃-၂၀၂၂ ရက်နေ့မှစတင်၍ မာန်အောင်မြို့နယ်တွင်လည်း ကောင်း၊ ၁၆-၃-၂၀၂၂ ရက်နေ့မှစတင်၍ အမ်းမြို့နယ်တွင် လည်းကောင်း၊ ၂၁-၃-၂၀၂၂ ရက်နေ့မှစတင်၍ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် လည်းကောင်း ဆောင်ရွက် လျှက်ရှိကြောင်း ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဆောင်ရွက်ရာတွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ပေးပို့ထားရှိသော အိမ်ထောင်စုလူဦးရေစာရင်းများနှင့်  စိစစ်ပြုစုထားသည့် အခြေခံ မဲဆန္ဒရှင်စာရင်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်းပြုစုထားသော လူဦးရေစာရင်း များအား ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဌာနများနှင့် ပူးပေါင်း၍ တိုက်ဆိုင်စစ်ဆေးခြင်းများကို  ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် စနဲမြို့နယ်အပါအဝင် ရပ်ကွက်(၂၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)အုပ်စု၊ စုစုပေါင်းရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၄)အုပ်စုရှိပြီး အဆိုပါရပ်ကွက်နှင့် ကျေးရွာအုပ်စုများအား အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများမှ စနစ်တကျကြီးကြပ် ဆောင်ရွက်လျှက်ရှိကြောင်း ကျောက်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)