ညောင်တုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ



MNP - မတ်    ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီးသန့်ခန်း၌ ကျင်းပခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရာတွင် စာစစ်ဌာနအလိုက် မေးခွန်းလွှာများထုတ်ယူခြင်း၊ ဖြေဆိုခြင်းနှင့် အဖြေလွှာ စာရွက်များ ပြန်လည်ပို့ဆောင်ခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့ လုံခြုံစွာ ဆောင်ရွက်နိုင်စေ ရေးနှင့် စာမေးပွဲကျင်းပနေစဉ် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး‌နှင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အတူပူးပေါင်းပါဝင် ကူညီပေးကြ ရန် ဆွေးနွေးမှာကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလှိုင်က စာစစ်ဌာနအလိုက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ထက်ဝေဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)