MNP - မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယမန်နေ့နံနက်(၉) ညနာရီခွဲအချိန်တွင် မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ဆေးလာရောက် ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေပြီး အသက် (၁)နှစ်ခွဲအောက် ကလေးများကို ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင် အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျော၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်များအား လစဉ် လတစ်လ၏ ပထမပတ်တွင် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - မြင့်မြင့်ရီ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment