မိုးနဲမြို့နယ်၌ ဂျုံပင် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ဂျုံပင် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း

 


MNP - မတ်   ၂၈

 ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ဂျုံပင်များကို နာဟောင်ရပ်ကွက်နေ ဦးအော်ကျော်၏ ယာခင်းအတွင်း ဇန်နဝါရီလ အစောပိုင်းတွင် စိုက်ပျိုးထားရာ စိမ်းစိုလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

အဆိုပါ ဂျုံပင်စိုက်ပျိုးရာတွင် ယာခင်းအတွင်း ပဲပုတ်၊ ပြောင်း၊ ကြက်သွန်များ စိုက်ပျိုး သည့်နည်းအတိုင်း ထွန်ယက်ပြီးနောက် ဂျုံစေ့ကို ဇန်နဝါရီလ အစောပိုင်းတွင် စိုက်ပျိုးထားရာ ရေဓာတ်အနေနှင့် မပူရကြောင်း၊ ရေကိုလည်း ဆည်မြောင်းချောင်းအတွင်းမှ သွင်းယူလျက် ရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း၊ ဂျုံပင်ကို ၂ လအကြာတွင် ပုလဲမြေဩဇာ ပတ်ဖျန်း ပေးထားရာ ‌စိမ်းစိုလျက် ရှိပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် မိုးနဲမြို့နယ်တွင် ဂျုံကို မုန့်များ ပြုလုပ်ရောင်းချရန်အတွက် အများဆုံး ဖောက်သည်ယူကြရာ ဂျုံစိုက်ပျိုး ရောင်းချသည့်အတွက် ယခင်နှစ်တွင်လည်း မိသားစု အဆင်ပြေလျက်ရှိပြီး   ၂ လခွဲ အကြာတွင် အနှံစတင် ထွက်ကာ ၄ လနှင့် ၅ လအကြား ရိတ်သိမ်းရကြောင်း နာဟောင်ရပ်ကွက်အတွင်းရှိ တောင်သူ အများအပြား ယခုနှစ်တွင် ဂျုံပင်ကို စိုက်ပျိုးကြကြောင်းနှင့် ‌ကြက်သွန်ဖြူ၊ မုန်ညှင်း၊ ခရမ်းချဉ်၊ ခရမ်းညို၊ ပဲပုတ်၊ ပြောင်း၊ သခွားမွေး ပင်များကိုလည်း စိုက်ပျိုးထားကြကြောင်း တစ်ဧကကျော် စိုက်ပျိုးထားသူ ဦးအောင်ကျော်၏ ပြောပြချက်အရ သိရသည်။

သတင်း - ဇင်ကိုကို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)