မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်း တက္ကသိုလ်(၃)ထပ် စာသင်ဆောင် များ ပန္နက်တင်မင်္ဂလာ အခမ်းအနား၊ အစိုးရအောက်ဆီဂျင်စက်ရုံဖွင့်ပွဲနှင့် အဆောက်အဦ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတက်ရောက်၊ ရေနံချောင်းမြို့နယ် အထူးစိမ်းလန်း စိုပြည်ရေးဇုံ စီမံကိန်း စိုက်ခင်းများကိုကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်း တက္ကသိုလ်(၃)ထပ် စာသင်ဆောင် များ ပန္နက်တင်မင်္ဂလာ အခမ်းအနား၊ အစိုးရအောက်ဆီဂျင်စက်ရုံဖွင့်ပွဲနှင့် အဆောက်အဦ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတက်ရောက်၊ ရေနံချောင်းမြို့နယ် အထူးစိမ်းလန်း စိုပြည်ရေးဇုံ စီမံကိန်း စိုက်ခင်းများကိုကြည့်ရှုစစ်ဆေး

 



MNP - မတ်    ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် သယံဇာတနှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီးဉီးစိုးပိုင်မြင့်၊ အတွင်းရေးမှူးဉီးဝင်းရှိန်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက် ၈ နာရီက ရေနံချောင်းတက္ကသိုလ် သုံးထပ် စာသင်ဆောင်ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားနှင့် အစိုးရအောက်ဆီဂျင်စက်ရုံ အဆောက်အဦလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ မြို့ရှောင်လမ်းရှိ စိမ်းစို စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်တို့က ရေနံချောင်းတက္ကသိုလ် ကျောင်းဝန်းနှင့် တိုးချဲ့မြေဧရိယာ ပေါ်တွင် ယခုမီနီဘာဂျက်အတွင်း ဆောက်လုပ်မည့် ၁၉၂ ပေ၊ ၃၈ ပေ (R.C.C)နှင့် ၂၁၆ ပေ၊ ၃၈ ပေ (R.C.C) သုံးထပ်စာသင်ဆောင်နှစ်ဆောင် ဆောက်လုပ်မည့် မြေနေရာရှိ သတ်မှတ်ထားသည့် နေရာများတွင် ပန္နက်တင် မင်္ဂလာပြုလုပ်ပြီး တည်ဆောက်ရေး ဧရိယာကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်

ဆက်လက်၍ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေစက်ရုံဝန်း အတွင်းရှိ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်သည့် 30Nm3/hr Oxygen Plant စက်နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရေနံချောင်းရေနံမြေနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် Gold Petrol Co,Ltd  မှလှူဒါန်းသည့်  (၃၅ ပေ၊ ၃၀ ပေ၊ ၂၅ ပေ) အဆောက် အဦတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ကာ အောက်ဆီဂျင်စက်ရုံလည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံချောင်းမြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၃၇၅/၄) ရှိ အပူးပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန ရှင်းလင်းဆောင်နှင့် ဖန်ခါးစမ်း အမြဲတမ်း ပျိုးဥယျာဉ်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဦဂစီးမှူးဦးဇော်ဝင်းက  Green Complex Zone ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ စီမံကိန်းငါးနှစ်တာကာလ အပင်စိုက် ပျိုးမှု၊ ရှင်သန်မှု၊ ရေရရှိမှု၊ မြေပြုပြင်ခြင်း စသည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အပင်များစိုက်ပျိုးရှင်သန်ရန်အတွက် စိမ်းလန်းစိုပြေရေး လုပ်ငန်း များကို စနစ်တကျဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး အထူးစိမ်းလန်း စိုပြေရေးစိုက်ခင်းနှင့် ဖန်ခါးစမ်းပျိုးဥယျာဉ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဝန်ကြီးချုပ်သည် ဖန်ခါးစမ်းအမြဲတမ်းပျိုးဥယျာဉ်  ရှင်းလင်းဆောင်သို့ ရောက်ရှိစဉ် ကံကြီးကျေးရွာအုပ်စုရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရွာခွဲတာဝန်ခံများ၊ ဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ဒေသခံပြည်သူများက စိုက်ရေးပျိုးရေးကိစ္စရပ်များနှင့် ကျေးရွာသောက်သုံးရေ အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ တောင်သူအသိပညာပေး လိုအပ်သည်များ မှာကြားကာ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိစေရန်အတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)