ရွှေဘို၌ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘို၌ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်



MNP - မတ်    ၃၀

 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ကံကြီးတောကျေးရွာအုပ်စု၊ ငပိအိုးကျေး ရွာနှင့် ဂွေးပင်ကုန်းအုပ်စု ဂွေးပင်ကုန်းရွာတို့တွင်  ၂၄-၂-၂၀၂၂ ရက်နေ့ဖြစ်စဉ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့်လူနေအိမ် ၄၈လုံး၊အိမ်ထောင်စု ၆၁စု မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးဘေးသင့် အိမ်ထောင်စုများ လတ်တလော သက်သာချောင်ချိစေရန် ရည်ရွယ်၍ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများကို မတ်လ ယမန်နေ့ နံနက် ၉ နာရီအချိန်က အုန်းပေါက်ကျေးရွာ ရွှေကျောင်းကြီးဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေနှင့်ပစ္စည်းများကိုကျောက်မြောင်းမြို့အုပ်ချုပ်ရေးမှူးက ကြီးကြပ်ပြီး ပြန်လည်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာမှ အိမ်ခြေ ၄၈အိမ်အတွက် ထောက်ပံ့ငွေ ၈၂၀၀၀၀၀နှင့် စားနပ်ရိက္ခာအတွက်လူတစ်ဦးလျင် ၂၁၀၀ နှုန်းဖြင့် လူဦးရေ ၁၆၃ ဦးစာ ၃၄၂၃၀၀ စုစုပေါင်း ၈၅၄၂၃၀၀ နှင့် ထောက်ပံ့ပစ္စည်း ၁၇ မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရွှေဘိုခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချောစုထံမှ သိရသည်။

သတင်း - စိုးသီဟ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)