တရားမအထူးအယူခံမှု (၅)မှုကို စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၂)မှုနှင့် တရားမ အထူးအယူခံမှု (၃) မှုကို ရုံးထိုင်ကြားနာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမအထူးအယူခံမှု (၅)မှုကို စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၂)မှုနှင့် တရားမ အထူးအယူခံမှု (၃) မှုကို ရုံးထိုင်ကြားနာ



MNP ၊ မတ် ၇

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးအောင်ဇော်သိန်း၊ ဦးမျိုးတင့်၊ ဦးကြည်သိန်း၊  ဦးခင်မောင်ကြီး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၉/၂၀၂၀ (စစ်ကိုင်း)၊ ၃၁/၂၀၂၀ (ရခိုင်) ၊ ၃၆/၂၀၂၀ (မန္တလေး) ၊ ၃၉/၂၀၂၀ (စစ်ကိုင်း)နှင့် ၄၄/၂၀၂၀ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု ( ၅ )မှု တို့ကို စီရင်ချက်ချမှတ်သည်။


ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၈/၂၀၂၁ (ပဲခူး) နှင့် ၉/၂၀၂၁ (မန္တလေး)၊ တရားမ အထူးအယူခံမှု အမှတ် ၆/၂၀၂၁ (ရန်ကုန်)၊ ၁၄/၂၀၂၁ (မန္တလေး) နှင့် ၂၉/၂၀၂၁ (ရန်ကုန်) စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု (၂) မှု နှင့် တရားမအထူးအယူခံမှု (၃) မှု တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)