လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်လုပ်ရပ်များအား အားပေးရေးသားနေသူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်လုပ်ရပ်များအား အားပေးရေးသားနေသူ ဖမ်းဆီးရမိ





MNP ၊ မတ် ၁၁

ကလေးမြို၊ အောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ(၂/၅၂)နေ ကျော်ကျော်မြင့် ၆၂ နှစ် (ဆေးတကက-ငြိမ်း)သည် ဆူပူဆန္ဒပြမှုများတွင်ပါဝင်ခြင်း၊ ၎င်း အသုံးပြုသော Kyaw Kyaw Facebook Account ဖြင့် လူမှုကွန်ရက်ပေါ်တွင် တပ်မတော် အားအထင်အမြင်လွဲမှားစေရန်ရေးသားခြင်း၊ တပ်မတော်နှင့် တပ်မတော်ခေါင်းဆောင်များအား ပုတ်ခတ်ပြောဆိုရေးသားခြင်း၊ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သော်လည်း သံဃာတော်များအား ဆဲရေးတိုင်းထွာခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းအားအရေးယူနိုင်ရေးဖမ်းဆီးခဲ့ကြောင်း သိရပါသည်။


NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ ဖွဲ့စည်းထားသည့် CRHP, NUG, PDF အကြမ်းဖက်အဖွဲ့များကို ထောက်ခံသူများသည် အကြမ်းဖက်ဝါဒဖြန့်လှုံ့ဆော်ရေးသားခြင်း၊ အစိုးရတာဝန်ရှိသူများအား ဆဲဆိုစော်ကားရေးသားခြင်း၊ ဘာသာ သာသနာကို စော်ကားခြင်း လုပ်ရပ်များကို အလွန်အမင်းကျူးလွန်ခဲ့ကြသူများဖြစ်သည်။ အကြမ်းဖက်အဖွဲ့များ၏ ဝါဒဖြန့်လှုံ့ဆော်ရေးသားမှုများကို ပြန်လည်ဖြန့်ဝေခြင်း၊ လှုံ့ဆော်ခြင်း မပြုလုပ်ကြရန် သတိပေးချက်ထုတ်ပြန်ပြီးနောက် ရေးသားလှုံ့ဆော် ဝါဒဖြန့်နေသူများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လာခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)