လက်ပံတန်း မြို့နယ်တွင် အခြေခံလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်း မြို့နယ်တွင် အခြေခံလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေး



MNP - မတ်   ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အခြေခံ လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး လူဦးရေစာရင်းပြုစုနေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် တာဝန်ရှိသူများမှ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပြင်လူဦးရေစာရင်းပြုစုရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာ စာရေးများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြေပြင် အမှန်လူဦးရေစာရင်းအား လိုက်လံပြုစုကြပြီး၊ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်အချိန်မီ ပြီးစီးရေးအတွက် ဆောက်ရွက်ကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်အဝေး ခန်းမတွင် မြေပြင်လူဦးရေ အမှန်စာရင်း ရေးသွင်းလျက်ရှိကြသော မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများ၊ မြို့နယ်ရပ်ကွက်/ ကျေးရွာများမှရပ်ကွက်/ ကျေးရွာစာရေးများနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပါဝင်သော ပူပေါင်းအဖွဲ့တို့က လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများအား မှန်ကန်စေရေး စနစ်တကျ တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်၍ စာရင်းရေးသွင်းနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)