MNP - မတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို မတ်လ ၂၆ ရက် နံနက်ပိုင်းက မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ် အလာကောင်း(၁၂)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၁ ရက်နေ့(၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ကဗျာနှင့်ဆောင်းပါးများ အစရှိသည့် ဗဟုသုတရရှိဖွယ် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ဌာန၏ရည်မှန်းချက်အတိုင်း ပြည်သူများ အသိပညာဗဟုသုတများရရှိနိုင်ရေး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - စိုင်းရွှေအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment