MNP - မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် ယမန်နေ့နံနက် (၁၀) နာရီအချိန်က တံတားမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လ.ဝ.ကမှူး ဦးမင်းဇော်ဦးဆောင်၍ ဝန်ထမ်းများက တံတားမြို့ အမှတ်(၄)ရပ်ကွက်အတွင်း နေထိုင်ကြသော အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင် အသစ်လဲလှယ်သူများအား ပန်းခင်းစီမံချက်နှင့်အညီ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးရရှိစေရေးနှင့် ပြည်သူများအနေဖြင့် လိုအပ်ချက်အရ ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင် လည်းကောင်း၊ နိုင်ငံသားကတ်ပြား(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း ပြသစစ်ဆေးခံနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ကျား (၁၂) ဦး၊ မ (၈) ဦးနှင့် အသစ်လဲလှယ်သူ ကျား (၆) ဦး၊ မ (၉) ဦးတို့ လာရောက် ပြုလုပ်၊ လဲလှယ်ခဲ့ကြောင်း သိရသည်။
သတင်း - မိုးဖြူလွင်
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment