အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးခွဲအသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးခွဲအသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ


MNP - မတ်    ၃

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ပြင်ဦးလွင်ခရိုင်) ရုံး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး၊ ခရိုင်ဥပဒေအရာရှိ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှူး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ပြင်ဦးလွင်ခရိုင်) ရုံးတွင် မြင်းကောင်ရေ ဝ.၂၅ နှင့်အထက် မြင်းကောင်ရေ ၅ ကောင်ရေနှင့်အောက်၊ လူဦးရေ ၉ ဦးထက်မပိုသော စက်မှုလုပ်ငန်းများနှင့် အလုပ်သမား ၃ ဦး အထက်ရှိသော လက်မှုလုပ်ငန်းများအတွက် မှတ်ပုံတင်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စစ်ဆေးပေးမှု တို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ယိုအမျိုးမျိုး၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ဖျော်ရည် ပြုလုပ်နည်းသင်တန်းများ၊ ဆပ်ပြာရေနှင့် ခေါင်းလျော်ရည် ထုတ်လုပ်နည်း သင်တန်းများကို အခမဲ့ ဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)