ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း (ရန်ကုန်-ရန်ကင်း) ကိုဗစ်ကုသရေး စင်တာ ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း (ရန်ကုန်-ရန်ကင်း) ကိုဗစ်ကုသရေး စင်တာ ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေး

 

MNP - မတ်     ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ် ၁၁ ရပ်ကွက် ရန်ကင်း ပညာရေးဒီဂရီကောလိပ်ဝင်းအတွင်း (ရန်ကုန်-ရန်ကင်း) ကိုဗစ်ကုသရေး စင်တာဖွင့်လှစ်နိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-ရန်ကင်း ကုသရေးစင်တာသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးဘိုဌေး၊ တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးအောင်သန်းဦး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဦးထွန်းမင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်တို့လိုက်ပါ၍ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကရောဂါကုသရေးစင်တာ ပြင်ဆင်ဆောင် ရွက်ထားရှိမှု အခြေအနေများ၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ထားမှုအခြေအနေ၊ အောက်ဆီဂျင်အိုးများ၊ ရေ၊ မီး၊ ရေအိမ် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ လေကောင်းလေသန့် ရရှိမှုအခြေအနေများအား လိုက်လံပြသခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - လှလှထွေး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)