MNP - မတ် ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ကုသရေး အဆောင် ဆောက်လုပ် လျက်ရှိရာ အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု ၇၀% ပြီးစီးပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကုသရေး အဆောင် ဆောက်လုပ်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ကုသရေးအဆောင် ဆောက်လုပ်ရန် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှမတည် လှူဒါန်းငွေနှင့် စေတနာရှင် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး အဆောက်အဦမှာ အလျား ၇၀ ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၁၀ ပေ Steel Structure တစ်ထပ်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇာဇာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment