နတ်မောက်မြို့တွင်းရှိ အောင်သုခလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့တွင်းရှိ အောင်သုခလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ပြီးစီး



MNP - မတ်    ၂၇                                 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများနှင့် တံတားများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘက်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော အောင်သုခလမ်း (မကွေးလမ်းနှင့် မြစည်းခုံ လမ်းကြား)ကွန်ကရစ်လမ်းခင်းခြင်း အရှည်(၄၇၉)ပေ အကျယ်(၁၆)ပေ အမြင့်(၈)လက်မလမ်းအား ခွင့်ပြုငွေကျပ် (၁၉.၁၄၀) သန်းဖြင့် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုး တိုးတက်စေရန် နှင့်ရေစီးရေလာ ကောင်းမွန်စေရန်၊ ရေမြောင်းများတူးဖော်ခြင်း၊ အမှိုက်သရိုက်များ ကင်းစင်စေရေးသန့်ရှင်း ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အများပြည်သူသွားလာရေး အဆင်ပြေစေရန် ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်တံတားများ တည်ဆောက်ခြင်းစသည့် တည်ဆောက်ရေး လုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 သတင်း - သင်းသင်းမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)