မိုးကုတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင် ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင် ပြပွဲကျင်းပ



MNP -  မတ်   ၂၆

မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်၏ တပ်မတော်နေ့ဆိုင်ရာ သမိုင်း စာအုပ်များ၊ တပ်မတော်နေ့နှင့် ပတ်သက်သည့် သုတ/ရသ ဆောင်းပါး၊ ကာတွန်း၊ ဝတ္တုများအား ခင်းကျင်းပြသခဲ့ရာ စာဖတ်ပရိတ်သတ်များမှ  စိတ်ဝင်တစား လေ့လာဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။

သတင်း - နန်းခွာညိုနှင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)