မအူပင်မြို့တွင် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့တွင် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်



 MNP  -   မတ်      ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်လုံးကျွတ် သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လမ်းဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပါဝင်ကာ ယနေ့ နံနက် ၁၀ နာရီအချန်ကစတင်၍ အမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။

အဆိုပါအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၆)အုပ်စု စုစုပေါင်း (၈၈)အုပ်စုတွင် ဆောင်ရွက်ရာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ကြောင်း သိရသည်။

သတင်း - အောင်ခိုင်၊အောင်မြင့်မြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)