လပွတ္တာမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ



MNP - မတ်    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ ခရိုင်ပညာရေးဦးစီးဌာန တို့ပူးပေါင်းကျင်းပသည့် “လူငယ် လူရွယ်များဘက်စုံဖွံ့ဖြိုးရေး” အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ငါးထပ်ဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဆရာကြီးဦးအေးနိုင်က လူငယ်များစိတ်ဓာတ်ကောင်မွန်ရေး စည်ကမ်း လိုက်နာရေးခေါင်းစဉ်ဖြင့်လည်ကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက လူငယ်များဘက်စုံဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်အေးက လူငယ်နှင့်အားကစား အကြောင်းအရာ ခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ အ.ထ.က(၁)၊ အ.ထ.က.(၃)၊ အ.လ..ခွဲ(၁)၊ အ.လ.ခွဲ(၉)တို့မှ ကျောင်းသား ကျောင်းသူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်းသိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)