ပင်းတယမြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး



MNP - မတ်   ၂၇

ရှမ်းပြည်နယ်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ပင်းတယ) မြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံ အားကစားသင်တန်းအား ပင်းတယမြို့ အားကစားခန်းမ၌ အားကစားနည်း (၇)မျိုးတို့ကို မတ်လ(၂၁)ရက်နေ့မှ မတ်လ (၃၁)ရက်နေ့အထိ အခမဲ့လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အားအခြေခံအားကစား သင်တန်းများအဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘက်စကတ်ဘော၊ တိုက်ကွန်ဒို၊ Fitness dance၊ မြန်မာ့သိုင်းနဲ့ အေရိုးဗစ်သင်တန်းများကို ပင်းတယမြို့နယ် အားကစားခန်းမ၌ မနက်ပိုင်းတွင် နံနက် ၇ နာရီမှ ၉ နာရီခွဲထိ တစ်ကြိမ်၊ ညနေပိုင်းတွင် ၃ နာရီမှ ၅နာရီခွဲထိတစ်ကြိမ် လေ့ကျင့် သင်ကြားလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ နွေရာသီတွင် လူငယ်များအတွက် အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြင့် အနာဂတ်လူငယ်များ အားကစားပြုလုပ်ခြင်း အကျိုးကျေးဇူး သိရှိလာစေရန်၊ လူငယ် အချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးလာစေရန်၊ မြို့နယ်အားကစားပြိုင်ပွဲများမှတစ်ဆင့် ထူးချွန် ထက်မြတ်သော နိုင်ငံဂုဏ်ဆောင် အားကစားသမားပေါ်ထွန်းလာစေရန်၊ လူငယ်လူရွယ်များ ကြား မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးလာစေရန်၊ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာစေရန် စသည်တို့အား ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် နွေရာသီ အားကစားသင်တန်းများသို့ နေ့စဉ်လာရောက်ကစားနေသည့် ကျောင်းသား၊ ကျောင်းသူ လူငယ် စုစုပေါင်း လူဦးရေ(၁၀၀)ကျော်ခန့်ရှိကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်ထံမှ သိရှိရသည်။

သတင်း - အေးအေးလတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)