MNP - မတ် ၂၆
စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအကြို လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က ပြည်သူများ သင်္ကြန် ရေဖြင့် ပင်ပန်းနွမ်းနယ်မှုကို အေးချမ်းစေဖို့၊ စိတ်ပင်ပန်းမှုများပြေပျောက်စေဖို့၊ ပျော်ရွှင်စွာပါဝင်ဆောင် ရွက်နိုင်ရေးအတွက် စစ်ကိုင်းမြို့တော် မြန်မာ့ရိုးရာမဟာသင်္ကြန်ကို စည်ကားစွာ ကျင်းပသွားမည်ဖြစ် ကြောင်း၊ ကျင်းပတဲ့အခါမှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ သွားပြီး ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့်လည်း ပါဝင်ဆင်နွှဲနိုင်အောင် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ မဟာသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများလည်း ဖွဲ့စည်းပေးအပ်ထား ကြောင်း ကော်မတီအလိုက် ဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများက ကျန်းမာရေး၊ လုံခြုံရေး အခြေအနေများနှင့် မိမိတို့ကော်မတီအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြ ဆွေးနွေး ပေးကြရာ ဆွေးနွေးတင်ပြချက်အပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတ်း - ဇော်မြင့်နိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment