နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ)၌ သင်တန်းဆင်းပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ)၌ သင်တန်းဆင်းပွဲများ ကျင်းပ

 




MNP - မတ်    ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge (SB)တို့ ပူးပေါင်း၍ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ)၌ ဖွင့်လှစ်သည့် ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၁)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၁)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ် စဉ်(၁၀)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၉)တို့၏ သင်တန်းများဆင်းပွဲကို မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်မျိုးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြကာ Sustainabridge(SB) ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူး ဦးစောတင်ဝင်းမြင့် က သင်တန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့က သင်တန်းများမှထူးချွန်သင်တန်းသားတစ်ဦးစီအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများပေး အပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်မျိုးတို့က သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါသင်တန်းများဆင်းပွဲတွင် သင်တန်းသားစုစုပေါင်း ၃၃ ဦးသင်တန်းဆင်းခဲ့ကြပြီး သင်တန်းဆင်းပွဲ အပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က သင်တန်းသားများအား တစ်ဦးချင်းရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လက်တွေ့ဆောင်ရွက်ထားသည့် သင်တန်းဆင်း သင်တန်းသားများ၏ လက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)