ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၂/၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၂/၂၀၂၂) ဖွင့်လှစ်

 




MNP - မတ်   ၂၈

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပေါင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဟန်လင်းကျော် က ကြက်ခြေနီအသင်း ဖြစ်ပေါ်လာပုံနှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အခြေခံကြက်ခြေနီ သင်တန်းရှေးဦးပြုစုခြင်း ဖွင့်လှစ်ပေးသည့်အတွက် သင်တန်းသား/သူများ ကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ရှေးဦးသူနာပြုစုခြင်း သင်တန်းသို့ ကျောင်းသား/သူ (၃၀)ဦး တက်ရောက်ကြပြီး မြို့နယ် ကြက်ခြေနီအသင်းခွဲမှ နည်းပြ(၅)ဦးတို့က စာတွေ့၊လက်တွေ့ဖြင့် (၃)ရက်ကြာ သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်ဇာစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)