MNP - မတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် အ.ထ.က (ကွန်ဟိန်း)စာစစ်ဌာနသို့ ကွင်းဆင်း စစ်ဆေးခြင်းအား ယမန်နေ့ နံနက်(၉:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းမှုတွင်ကျောင်းဝင်းအတွင်း မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ်မီးကပ်၊ သဲကန်၊ ရေကန်များထားရှိမှု အခြေအနေ၊ လျှပ်စစ်ဝါယာကြိုးနှင့် လျှပ်စစ်ပစ္စည်းများ အခြေအနေ၊ ယာယီမီးစက်ထားရှိမည့်နေရာ၊ လုံခြုံရေးချထားမည့် နေရာများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးသန့်နှင့် တပ်ဖွဲ့ဝင် များ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment