ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မိုးရာသီ နေကြာမျိုးစေ့ ဧက (၃၀၀၀)စိုက်ပျိုးထုတ်လုပ်မည့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ တောင်သူများအား ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မိုးရာသီ နေကြာမျိုးစေ့ ဧက (၃၀၀၀)စိုက်ပျိုးထုတ်လုပ်မည့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ တောင်သူများအား ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်



MNP -  မတ်    ၂၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရ အဖွဲ့ဝန်ကြီးများ မိုးရာသီ နေကြာမျိုးစေ့ ဧက(၃၀၀၀)စိုက်ပျိုး ထုတ်လုပ်မည့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ တောင်သူများအား ဆင်းရွှေကြာ(၂) နေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် (နေကြာ)စိုက်ပျိုးမည့် တောင်သူများတွေ့ ဆုံပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ အမှတ် (၅) ရပ်ကွက် တာဝတိံသာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စားသုံးဆီ ဖူလုံရေးအတွက် ဆောင်းနေကြာမျိုးစေ့ရရှိရန် ယခုနှစ်မိုးရာသီတွင် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့တွင် စိုက်ပျိုးခြင်းဖြစ်ပြီး မျိုးစေ့ထုတ်ရန် အားထားရသော မြို့နယ်များဖြစ်သည့်အတွက် တောင်သူ များအား သွင်းအားစုများ၊ နည်းပညာများ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း၊ တက်ရောက်လာသော တောင်သူများမှလည်း နေကြာမျိုးစေ့ စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့် နှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းမြင့် တို့က မိုးရာသီ ဆီထွက်သီးနှံ(နေကြာ)မျိုးစေ့ ထုတ်စိုက်ပျိုးမည့် အခြေ အနေအား ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင်က ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဖွဲနုဆီစက်များ တည်ဆောက်ထုတ်လုပ်နိုင်မည့်အစီအစဉ် (Action Plan)နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရာသီတွင် နေကြာမျိုးစေ့ ဧက(၃၀၀၀) စိုက်ပျိုး ထုတ်လုပ်မည့် မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့မှ (နေကြာ) မျိုးစေ့ထုတ် တောင်သူများအား ဆင်းရွှေကြာ (၂) နေကြာမျိုးစေ့  တစ်ဧက(၄)ပြည်နှုန်း ထောက်ပံ့ ပေးအပ်ခဲ့သည်။  

ထို့နောက် တက်ရောက်လာသော မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ (နေကြာ) စိုက်ပျိုးမည့် တောင်သူများက မိုးနေကြာ မျိုးစေ့ထုတ်သီးသန့်စိုက်ပျိုးမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်မိုးရာသီတွင် မြန်အောင်မြို့နယ်၌ ဧက(၁၃၀၀)၊ ကြံခင်းမြို့နယ်၌ ဧက (၁၀၀၀)နှင့် အင်္ဂပူ မြို့နယ်၌ ဧက(၇၀၀) မိုးနေကြာ မျိုးစေ့ထုတ်သီးသန့် စိုက်ပျိုးရန် လျာထားကြောင်းသိရှိရသည်။

သတင်း - ဝင်းဗိုလ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)