လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျောက်တံတားမြို့နယ်၌ ရှေးဦးပြုစုခြင်း ပညာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျောက်တံတားမြို့နယ်၌ ရှေးဦးပြုစုခြင်း ပညာသင်တန်းဖွင့်လှစ်



MNP - မတ်    ၂၉

လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီကျောင်းပိတ်ရက်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ ကျောင်းသူများအား ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း‌၍ ရှေးဦးပြုစုခြင်း ပညာအခြေခံအဆင့်သင်တန်းကို ယမန်နေ့နံနက် (၉:၀၀)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre )တွင် ဖွင့်လှစ် ခဲ့‌ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကား ပြောကြားသည်။  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က ယခုလိုနွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား‌/ကျောင်းသူ များကို အချိန်အလကားမဖြစ်စေရန် သင်တန်းများဖွင့်လှစ်ခြင်းသည် ကောင်းမွန်သည့် အစီအစဉ်ဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်မျိုးဆက် သစ်များ ဖြစ်သည့်အတွက် စိတ် ပါဝင်စားစွာ သင်ယူစေချင်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်ကြက်ခြေ နီတပ်ဖွဲ့အမှုဆောင် ဦးဌေးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် ယခုလိုသင်တန်းများဖွင့်လှစ်ခြင်းအားဖြင့် သင်တန်းသား/သင်တန်းသူများအနေဖြင့် ဘေးအန္တရာယ်များအတွင်း ကြက်ခြေနီအခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံ၏အနာဂတ်မျိုးဆက်သစ် ကျောက်းသား/ ကျောင်းသူလေးများ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြား သည်။

သင်တန်းဖွင့်ပွဲကို နံနက်(၉:၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပြီး စာတွေ့သင်ကြားခြင်းနှင့် လက်တွေ့သင်ကြားခြင်းများကို သုံးရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ပြီး နေ့စဉ် နံနက် ၉:၀၀ မှ ညနေ ၄:၃၀ ထိ ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းသား သင်တန်းသူ (၂၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

သတင်း - ရွှေဇင်ခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)