ရခိုင်ပြည်နယ်၊ ရသေ့တောင်၌ တက္ကသိုလ်ဝင်စာမေးပွဲ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ ရသေ့တောင်၌ တက္ကသိုလ်ဝင်စာမေးပွဲ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် အစည်းအဝေးပြုလုပ်



MNP - မတ်    ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ယနေ့နံနက် (၁ဝ)နာရီအချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရသေ့တောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး နိုင်လင်းထက်က ရှေးဦးစွာပြောကြားရာတွင် ရသေ့တောင်မြို့အတွင်းရှိ အခြေခံ ပညာကျောင်းများနှင့် စာမေးပွဲဖြေဆိုရန်သတ် မှတ်ထားသည့်နေရာများတွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲဖြေဆိုရန် လာရောက်ကြမည့် ကျောင်းသား/သူများအနေဖြင့် စာမေးပွဲ ဖြေဆိုချိန် ကာလအတွင်း (၃၁-၃-၂၀၂၂)မှ (၉-၄-၂၀၂၂)ထိ ဒေသတွင်း မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးနှင့် တည်ငြိမ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ လုံခြုံရေး၊ ကျန်း မာရေး၊ နေထိုင်ရေး၊ ပတ်ဝန်းကျင် အန္တရယ်ကင်းရှင်းရေးနှင့် ဆူညံမှုမရှိစေရေးတို့အား စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စာမေးပွဲဖြေဆိုမည့် နေ့ရက်အလိုက် တာဝန်ယူ ဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း စာဖြေဆိုသူနှင့် ပြင်ပမှ ဆက်သွယ်မှုများ မရှိစေရေး၊ လမ်းပိတ်ဆိုးမှုများ၊ ယာဉ်အန္တရယ်ကင်းရှင်းစေရေးတို့အား ကြပ်မတ် ဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာ ဝန်ထမ်းက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သတင်း - ထွန်းလင်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)