နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး



MNP - မတ်   ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်  အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအားကစား သင်တန်းများကို မြို့နယ်အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

 အားကစားသင်တန်းဖွင့်လှစ်ပေးခြင်းဖြင့်  လူငယ် လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းအားလပ်ချိန်တွင် အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ အားကစားအပေါ် စိတ်ပါ ဝင်စားလာခြင်း၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေခြင်း၊ အားကစားနည်း အလိုက် အခြေခံနည်းစနစ်များအား စနစ်တကျ တက်မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ်၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ဘောလုံး၊ ခြင်းလုံး၊ ကြက်တောင်ရိုက်၊ အေရိုးဗစ် စသည့် အားကစားနည်းလေးမျိုးကို ကျွမ်းကျင်နည်းပြများဖြင့် ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ အားကစားသမားများ အနေဖြင့် မိမိတို့နှစ်သက်ရာ အားကစားနည်းများအလိုက် သင်ကြားလျက်ရှိပြီး မတ် ၂၆ ရက်မှ ဧပြီ ၄ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

သတင်း - ခွန်ရဲထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)