ညောင်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအဆောင်အဦများတွင် မီးဘေးလုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအဆောင်အဦများတွင် မီးဘေးလုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး





MNP - မတ်    ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအဆောင်အဦးများနှင့် အလုပ်ရုံများတွင် မီးဘေးကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိကို၊ မတ်လ(၂၃)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးကျော်မင်းသူနှင့်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေးအတွက်၊ စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ အစိုးရဌာနပိုင် အဆောင်အဦးများအား ဦးစားပေး(၁)အဖြစ်လည် းကောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများ၊ ဈေးများ၊ ဟိုတယ်/မိုတယ်များနှင့် မီးဘေးစိုးရိမ်ရသော နေရာများအား ဦးစားပေး(၂)အဖြစ်လည်းကောင်း၊ လူနေရပ်ကွက်များရှိ နေအိမ်များအား  ဦးစားပေး (၃) အဖြစ် လည်းကောင်း၊ သတ်မှတ်၍ မီးဘေးလုံးခြုံရေးဆိုင်ရာ စစ်ဆေးအကြံပြုချက်များအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဦး ကျော်နိုင်လင်းကပြောပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်ဆေးဗူး ထားရှိခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဗူးများ အသုံးပြု၍ ရ/မရနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိ၊ မီးဘေးလုံခြုံရေးစနစ် ရှိ/မရှိ၊ မီးချိတ်၊ မီးကတ်၊ သဲ၊ ရေပုံး၊ လှေကား နှင့်အခြား မီးငြှိမ်းသတ်ရာတွင် အသုံးပြုနိုင်မည့်ပစ္စည်းများ အလွယ်တကူ ရယူအသုံးပြုနိုင်ရန် ထားရှိခြင်း ရှိ/မရှိတို့ကို မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်စီမံထားရှိမှုအတိုင်း အပတ်စဉ် လှည့်လည်စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)