ဖြူးမြို့နယ်ရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်ရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး

 



MNP -  မတ်     ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံးစာကြည့်တိုက်တွင်စာအုပ်စာပေများ ငှားရမ်းပေးနေသည့်အပြင် ပိုမိုစာပေဖတ်ရှုနိုင်စေရန်အတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ယနေ့နံနက်ပိုင်းက သုတရသစာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ငှားရမ်းပေးရာတွင် သုတရသစာအုပ်စာစောင်(၁၅၀)ကျော် ငှားရမ်းပေးရာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ငှားရမ်းကြကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နေမျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)