ကျိုက်ဒုံမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် အသက်(၂)လမှ (၂)နှစ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ဒုံမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် အသက်(၂)လမှ (၂)နှစ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်



MNP - မတ်    ၃

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၉ နာရီက ကျေးလက်ကျန်းမာရေးဌာန၌ အသက်(၂)လမှ (၂)နှစ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမနှင့် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များပေါင်ချိန်ပေးခြင်း၊ အလှည့်ကျဆေးထိုး၊ ဆေးတိုက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အသက်(၂)လမှ (၂)နှစ်အထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်ထန်အဆုတ်ရောင်(ပီစီဗြီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)၊ ဝက်သတ် ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးအသိပညာများ ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - သန်းထွန်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)