လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်



MNP - မတ်   ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အမှတ်(၂၀)ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲရုံးမှ ရဲမှူးမျိုးထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြို့တော်ခန်းမရှေ့တွင် ပြည်သူလူထုများ ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

 အဆိုပါဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးဦးထုပ်မ‌ဆောင်းသူများ၊ နှစ်ဦးထက်ပို၍ စီးနှင်းသူများအား ရပ်တန့်စုဝေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး ဟောပြောခြင်း၊ ဆိုင်ကယ်ဦးထုတ် ပြန်လည်ယူဆောင်စေ၍ ဆိုင်ကယ်များ ပြန်လည် ပေးအပ်ခြင်း၊  နှာခေါင်းစည်း Mask မပါသူများအား အခမဲ့ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။ ထို့ပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ထုတ်ဝေ သော ယာဉ်အန္တရာယ်ကင်း ရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

သတင်း - စိုင်းအောင်ကျော်စိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)