တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်







MNP ၊ မတ် ၆


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)၊ (၆)ခန်းတွဲ (၁)ထပ်ဆောင်ဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲအခမ်းအနားကို မတ်လ (၆)ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိမ်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။


ပထမဦးစွာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝန်ထမ်းအိမ်ရာသစ် အဆောက်အအုံအား ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိမ်း၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် ဥပဒေချုပ်တို့က အိမ်ရာအဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုကြသည်။


ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ဝင်းအတွင်းရှိ သက္ကညီနောင် စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ပြီး စရီမလိုက်ယာလဲကာလီယမ္မာန် ဘုရားကျောင်းတွင် ဟိန္ဒူဘာသာဝင်များ ဝတ်ပြုဆုတောင်း ခြင်းအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်ဧည့်သည်တော်များ သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ ရတနာလမ်း ဝင်ပေါက်ဂိတ်ကို အဆင့်မြင့်တင် ဆောင်ရွက်မည့်နေရာနှင့် ကားရပ်နားရန် တည်ဆောက်မည့်နေရာ တို့ကိုလည်းကောင်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု နေအိမ်ပြခန်းများနှင့် မြစ်ကြောင်းမှတဆင့် တိုင်းရင်းသားကျေးရွာသို့ ဧည့်သည်တော်များ အလွယ်တကူဝင်ရောက်နိုင်ရေးအတွက် ဆိပ်ခံဘောတံတားတည်ဆောက်မည့် နေရာတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့ပါသည်။


၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေး ခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပွင့်လင်းရာသီ ဝန်ဆောင်မှုမြှင့်တင်ရေး ဆောင်ရွက်မှုအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း ပြည်သူများ စိတ်ချမ်းသာစွာ လာရောက်အပန်းဖြေ နိုင်ရန်အတွက် ကျေးရွာအတွင်း Wifi Free များတပ်ဆင်ပေးထားပါကြောင်း၊ အများပြည်သူလုံခြုံရေးအတွက် CCTV များလည်း တပ်ဆင်ဆောင်ရွက်ထားလျက် ရှိပါကြောင်း၊ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိမ်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ တို့က ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) ဝန်ဆောင်မှုမြှင့်တင်ရေးအစီအစဉ်များ၊ လုံခြုံရေးကိစ္စများ၊ အများပြည်သူများ ပိုမိုဝင်ရောက်လာအောင် အကောင်အထည်ဖော်ရမည့်လုပ်ငန်းများကို အကြုံပြုဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။


၎င်းနောက် ဧည့်သည်တော်များအား နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံခဲ့ပြီး နေ့လယ်စာများသုံး ဆောင်နေစဉ် အတွင်း တိုင်းရင်းသားယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေဧည့်ခံ ခဲ့ပါသည်။ မွန်းလွဲပိုင်း တွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝန်ဆောင်မှုမြှင့်တင်ရေးအထိမ်းအမှတ် လှေလှော်ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြပါသည်။ အဆိုပါ လှေလှော်ပြိုင်ပွဲသို့ တိုင်းရင်းသားရိုးရာအသင်းများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ၎င်းနောက် လှေလှော်ပြိုင်ပွဲဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒိုင်းဆုများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ ယနေ့အများပြည်သူရုံးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သည့်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ ဧည့်သည် (၃၄၀၀) ကျော်ဦးတို့ လာရောက်အပန်းဖြေကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)